မန္တလေးကုန်စည်ဒိုင်တွင် ဇွန်လတတိယပတ်၌ မတ်ပဲသည် ယခင်တစ်ပတ်က ဈေးအေးပြီး အရောင်းအဝယ်အေးနေသော်လည်း ယခုတစ်ပတ်တွင် အရောင်းအဝယ်သွက်လာနိုင်ကြောင်း၊ ပဲတီစိမ်းနှင့် စားတော်ပဲများမှာ ယခုတစ်ပတ်တွင် အဝယ်လိုက်လာပြီး အရောင်းအဝယ်သွက်လာကြောင်း ကုန်စည်ဒိုင်မှသိရသည်။
မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၈၀၀၀၀ မှ ၂၈၂၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၇၅၀၀၀ မှ ၂၇၇၀၀၀၊ ယခင်လ ကျပ် ၂၆၀၀၀၀ မှ ၃၁၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ် ထက် ၅၀၀၀ ကျပ် မြင့်တက်လာပြီး၊ ယခင်လထက် ၂၈၀၀၀ ကျပ် ဈေးနိမ့်လာသည်။
ပဲတီစိမ်း၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၀၀၀၀မှ ၃၉၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၉၀၀၀၀ မှ ၃၇၀၀၀၀၊ ယခင်လ ကျပ် ၄၂၀၀၀၀ မှ ၄၃၅၀၀၀ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၂၀၀၀၀ ကျပ် မြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၁၁၀၀၀မှ ၄၅၀၀၀ ဈေးနိမ့်လာ သည်။
စားတော်ပဲ(ကနေဒါ)၅၉.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၉၅၀၀၀ မှ ၄၀၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၈၅၀၀၀မှ ၃၉၀၀၀၀၊ ယခင်လ ၃၆၀၀၀၀ ကျပ်ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၁၀၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ ဈေးမြင့်လာသည်။
စားတော်ပဲ(ကျွန်း)၅၉.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၈၀၀၀၀မှ ၅၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၄၈၀၀၀၀ မှ ၅၀၀၀၀၀၊ ယခင်လ ကျပ် ၄၅၀၀၀၀ မှ ၄၈၃၀၀၀ဖြစ် သည်။ ယခင်တစ်ပတ်ထက် ၂၀၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၃၀၀၀၀ မှ ၃၇၀၀၀ ဈေးမြင့်လာသည်။